news

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၂                                   

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

 

နေပြည်တော်၊ နို ၂၂

                 အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့ သော ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်() ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ ဦး၊ ပေါင်း ၅၀ ဦးတို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး လုံး၊ ရှို့ပစ်  လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊  မီးရှို့ လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၁၆ လုံး၊ နာရီ ၇ လုံး၊ လမ်းလျောက် စကားပြောစက် ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ၊ မှန်ပြောင်း ခု၊ ဂြိုလ်တုဖုန်း ၁၃ လုံး၊ Laptop လုံး၊  Hard Disk ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၂၀ ရက်တွင် သတင်း ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်၊၊

 

နေပြည်တော်၊ နိုဝင်ဘာ-၂၂

            အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော်၊ နိုဝင်ဘာလ-၂၂

            စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် (Arrival)ဗီဇာ စစ်ဆေးရေးရုံးအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်ကျန်းမာ ရေးဝန်ထမ်း ဦးသေဆုံး၊ ဦးဒဏ်ရာရရှိခဲ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံ တို့ကိုပြန်လည် ကုစားသွားနိုင်ရေးဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။      တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာ များနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။