news

(၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင်စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

           ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင်(၇၄)နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကိုအသီးသီး လက်ခံခဲ့ကြသည်။

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (ဒ/၁၇)ရက်ကွက်၊ အမှတ် (၇၃/က) မဟာဗန္ဓုလလမ်းနေ ဇော်မင်းဦး(ခ)စွန်ရဲ(ခ)ကြွက်(ဘ)ဦးသန်းဆွေနှင့် ဇနီးဖြစ်သူ ကျင်ကျင်မွှေး(ခ)ပျိုပျို(ဘ)ဦးကျင်သိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စက်တင်ဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊   အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၉)ရပ်ကွက်၊ အမှတ်(၁၂၃၁) ပိတောင်ရွှေဝါလမ်းနေ စည်သူဖြိုး(ဘ)ဦးအေးမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ ဒီဇင်ဘာလ ၂၄

                 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် ဇနီး ဒေါ်သူဇာအေး(၄၅)နှစ်၊ သားဖြစ်သူ မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သို့ပြန်လာခဲ့ရာ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးတံတားပေါ် တံတားအလယ်သို့ ရောက်ရှိစဉ် အငှားယာဉ်၊ YGN-5F/7939 Probox အဖြူရောင်သည် လမ်းအား ပိတ်ရပ်၍ ၎င်းယာဉ်ပေါ်ရှိ အမျိုးသား ၅ ဦးမှ ဦးနှင်းငွေ ပိုင်ဆိုင်သည့် ရွှေထည် ပစ္စည်း စုစုပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ,၂၀၀ ကျပ်ခန့်)အား လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်း လာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

          ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အများပြည်သူလုံခြုံရေး အတွက် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ရန် မော်တော်ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအချို့အား လက်နက်/ခဲယမ်း များနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင် ကျောင်းတို့အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်

ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ

၂၀၂၁/ဒီဇင်ဘာ(၂၄)ရက်

               (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် သန်လျင်တပ်နယ် မှ အရာရှိကြီးများတက်ရောက်ကြသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

               ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်က ယနေ့နံနက် နာရီမှစတင်၍ ကြိမ်တိုင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည့် သတင်းအားထုတ်ပြန်ခဲ့ပြီးဖြစ်သည်။