ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အေးမြင့်သာယာတံတားနှစ်စင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်   ဇူလိုင်  ၁၅

Saturday, July 16, 2022 - 04:00

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့ နယ်တို့ ထိစပ်လျက်ရှိသည့် ဆင်သေချောင်းကို လွယ်ကူစွာဖြင့် ဖြောင့်ဖြောင့် တန်းတန်း ဖြတ်ကျော်သွားလာနိုင်စေရန်အတွက် နေပြည်တော်ကောင်စီ၏ ငွေအပ် လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေး မှူးရုံးမှ တာဝန်ယူဆောက်လုပ်သည့်  အေးမြင့်သာယာတံတားနှစ်စင်း ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတံတား‌ရှေ့၌ကျင်းပသည်။

          ရှေးဦးစွာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန် ရှိ သူများသည် အေးမြင့်သာယာတံတားနှစ်စင်း  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်ကောင်စီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက အေးမြင့်သာယာ တံတား နှစ်စင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများက အေးမြင့် သာယာတံတားနှစ်စင်းကို  လှည့်လည် ကြည့်ရှုကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါတံတားသည် တံတားအရှည် - ၃၆၀ ပေ၊ တံတား ၁ စင်းအကျယ် - ၅၆ ပေ၊ တံတား ၂ စင်း အကွာအဝေး - ၃၉ ပေ၊ တံတားအမျိုးအစား - အုတ်မြစ်ဘိုးပိုင်၊ ကိုယ်ထည် - သံကူကွန်ကရစ်၊ အပေါ်ထည် - သံမဏိသံဘောင်ယက်မနှင့် သံကူ ကွန်ကရစ်ကြမ်းခင်း၊ တံတားပုံစံ - Skew Type ၊ ရေလမ်းကင်းလွတ်အမြင့် - အမြင့် ဆုံးရေမှတ်အထက် ၄ ပေ၊ တံတားခံနိုင်ရည် - ၆၀ တန် နှင့် ချဉ်းကပ် လမ်းအရှည် - ၂၀၈၈ ပေ ရှိကြောင်း သိရသည်။

အေးမြင့်သာယာတံတားနှစ်စင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ၍  ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး  ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။