ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဦးဆောင်လှုပ်ရှားနေသူ ကျော်မင်းယု(ခ)ဂျင်မီ (၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)အား ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာလ ၇ ရက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထု ဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေး အကြံပေး ကျော်မင်းယု(ခ)ဂျင်မီအား အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။











