(၇)ကြိမ်မြောက် မဲခေါင် -  လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ နေပြည်တော် ဇူလိုင် ၅

Tuesday, July 5, 2022 - 16:45

(၇)ကြိမ်မြောက် မဲခေါင် -  လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇူလိုင် ၅

          (၇)ကြိမ်မြောက် မဲခေါင် -  လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလမ်မုဆေ ကိုမာဆစ် တို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ညောင် ဉီးလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြသည်။

          အဆိုပါ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီး ကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဉီးမျိုးအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။