ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း The Global New Light of Myanmar သတင်းစာတိုက်ကို  ကြည့်ရှုစစ်ဆေး     ရန်ကုန်- ဇူလိုင်  (၆)

Wednesday, July 6, 2022 - 15:45

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း The Global New Light of Myanmar သတင်းစာတိုက်ကို  ကြည့်ရှုစစ်ဆေး

    ရန်ကုန်- ဇူလိုင်  (၆)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး ဘုရားလမ်းရှိ  The Global New Light of Myanmar သတင်းစာတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သတင်းစာတိုက် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား The Global New Light of Myanmar သတင်းစာတိုက်အထွေထွေမန်နေဂျာ၊ စာတည်း မှူးချုပ်နှင့် တာဝန်ရှိသူများက သတင်းစာအား အသွင်သဏ္ဍာန်နှင့်အနှစ်သာရ  ပြောင်းလဲဖော်ဆောင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာတည်းဌာနနှင့်ပုံနှိပ်စက်ခန်းကို ကြည့်ရှုစစ်ဆေး သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာရေးရာလေ့လာရေးအဖွဲ့နှင့် ပန်းဆိုးတန်း လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်)၌ တွေ့ဆုံသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး အကြီးစားပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Studio-1 တွင် Friday Night Show တင်ဆက်ရန် “သီချင်းဒိုင်ယာရီ” အစီအစဉ် ရိုက်ကူးရေး ဆောင်ရွက် လျှက်ရှိကြသည့် မြန်မာပြည်သိန်းတန်နှင့်  အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး သီဆိုဖျော်ဖြေမှု ရိုက်ကူးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။