ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပညာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇွန် ၁

Wednesday, June 1, 2022 - 17:30

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပညာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မေ ၃၁ ရက်တွင် PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ပညာရေးဝန်ထမ်း ၁ ဦး သေဆုံး၍ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ အကြမ်း ဖက်တိုက်ခိုက်ခြင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိကာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပညာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ် ရာများပေးအပ်သည်။

NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေး အစွန်းရောက်စိတ်များကို အခြေခံ၍ နိုင်ငံသားတိုင်း၏ ပညာသင်ယူပိုင်ခွင့်ကို အဟန့် အတားဖြစ်စေရန် ပညာရေးအဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပြသပေးလျက်ရှိသည့် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများကိုပင် ဖမ်းဆီးခေါ်ဆောင် ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် ဆရာ၊ ဆရာမများ အများစုရှိနေစဉ် ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲမှုများကိုပါ ကျူး လွန်လျက်ရှိနေသည့်အတွက် အသင်းအဖွဲ့အသီးသီးက ပြင်းထန်စွာဝိုင်းဝန်းရှုတ်ချ ကန့်ကွက်ခဲ့ကြပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။