မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ကြေညာချက် (၂၀၂၂ခုနှစ်၊ ဇွန်လ ၁ ရက်)

Wednesday, June 1, 2022 - 17:30

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

သဘောထားထုတ်ပြန်ကြေညာချက်

(၂၀၂၂ခုနှစ်၊ ဇွန်လ ၁ ရက်)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် မြန်မာနိုင်ငံအတွက် လိုအပ်လျှက်ရှိသော ပညာတတ်များ ပေါများလာရေးကို အထူးအရေးပါသော အချက်တစ်ချက်အဖြစ်ခံယူလျက် ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင်အသက်အရွယ် ကောင်းမွန်သူ (၁၀)သန်းကျော်မှာ ဆယ်တန်းမအောင်ကြ၊ ဘွဲ့မရကြ၊ စာမတတ်သူများ ပေါများနေသောကြောင့် နောင်မျိုးဆက် သစ်များ ပညာရေးကဏ္ဍကို အထူးအားပေး ရန်လိုအပ်လျှက်ရှိပါသည်။

ထိုလိုအပ်ချက်ကို စိတ်ရောကိုယ်ပါ စေတနာအပြည့်ဖြင့် လုပ်ကိုင်နေကြေသော ဆရာ ဆရာမပေါင်း(၃၀)ကျော် အသတ်ခံရခြင်း၊ စာသင်ကျောင်းများ အကြိမ်ပေါင်း(၃၇၀)ကျော် ဗုံးခွဲခံရခြင်းများဖြစ်ခဲ့ပါသည်။

ယခုတဖန် ၂၀၂၂ ခုနှစ်၊ မေလ(၃၁)ရက်နေ့က နောင်ချိုမြို့နယ်၊ မြို့နယ်ပညာ ရေးမှူးရုံးကို မိုင်းထောင်ဖေါက်ခွဲသောကြောင့် ကျောင်းအုပ်ဆရာမကြီး(၁)ဦးသေဆုံးပြီး ကျန်သူများ ဒဏ်ရာရမှုရှိကြောင်း ကြားသိရပါသည်။

ထိုကဲ့သို့ အနန္တဂိုဏ်းဝင်ဆရာဆရာမများကို သတ်ဖြတ်ခြင်း၊ အားနည်းနေသော ပညာရေးကဏ္ဍမှကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေသည့် အကြမ်းဖက်အဖွဲ့အစည်း များအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြင်းထန်စွာပြစ်တင်ရှုံ့ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး