နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇွန် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက် ရောက်ကြသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား တာဝန်ရှိသူ များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချ ထားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်သောကြောင့် ခေတ်အဆက်ဆက်အစိုးရနှင့် တပ်မတော်က တိုင်းရင်းသား ပြည်သူလူထုနှင့် အတူလက်တွဲ၍ ငြိမ်းချမ်းရေးရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ အချက်အလက်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့မှုများ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစိုးရ အဆက် ဆက် ကဏ္ဍအလိုက်ဆွေးနွေးအတည်ပြုနိုင်ခဲ့မှုများနှင့် ဆွေးနွေးရန်ကျန်ရှိနေသေး သည့်ကဏ္ဍများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင် ၂ ဦး စီကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို ဆောင်ရွက်ခဲ့မှုများနှင့် တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ စာပေ၊ ယဉ်ကျေးမှုတို့နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ အားပေး ဆောင်ရွက်လျက်ရှိသည်များ။
မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မြန် မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိသည်များ။
မျောက်ကျောက်ရောဂါ စတင်တွေ့ရှိမှု၊ ကူးစက်ပြန့်ပွားမှု၊ ရောဂါလက္ခဏာ များနှင့် သတိပြုရမည့်အချက်များ၊ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် သတိ ပြုလိုက်နာနေထိုင်သင့်သည့်အချက်များ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မေ ၂၆ ရက်မှ ဇွန် ၁ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်း ရပိုင်ခွင့်ဖြစ်သည့် ပညာသင်ယူမှုမဆုံးရှုံးစေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည်များကို PowerPoint Presentation ဖြင့် ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရား မဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူများကို အရေးဆောင်ရွက်မှု အခြေအနေများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation ဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မျောက်ကျောက်ရောဂါဆိုင်ရာ အချက်အလက်များ၊ စက်သုံးဆီဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များ၊ နိုင်ငံရေးပါတီများအား စစ်ဆေးခြင်းမှတ်တမ်း များနှင့် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။