၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ နေပြည်တော်၊ မေ(၃၀)ရက်

Monday, May 30, 2022 - 17:15

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ မေ(၃၀)ရက်

          ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာမျိုးသိဏ်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင် တို့ တက်ရောက်ကြသည်။

          ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် တရား သောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးကြိုး စား၍ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် မျိုးဆက်သစ်လူငယ်လက်ဝှေ့ အားကစားသမားကောင်းများ ဖြစ်လာ အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားပြီး လက်ဝှေ့ပြိုင်ပွဲအား ဖွင့်လှစ်ပေး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲ ဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ်ယှဉ်ပြိုင်ကစားမှုများကို  ကြည့် ရှုအားပေးကြသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန် မှုဖြင့် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။