ကျောင်းအပ်လက်ခံမှုများဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးအား CDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင် နေပြည်တော်၊ မေ - ၃၀

Monday, May 30, 2022 - 17:15

ကျောင်းအပ်လက်ခံမှုများဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးအား CDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ မေ - ၃၀

          မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources(HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက် ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင် လျက်ရှိသည်။

ထို့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်နေ  ထုတ်လိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ ဦးကိုအောင်ကျော်(ဘ) ဦးတလွန်ကိမ်း သည် ကျောင်းဖွင့်လှစ်ရန်အတွက် မေ ၂၅ ရက်မှစ၍ ဒုတိယကျောင်းအုပ်ဖြစ်သူ ထုတ်လိုင်ကျေးရွာရှိ ဦးမှန်ဟင်းခိုင်(ဘ) ဦးလျန်ထန်း ၏နေအိမ်၌ တည်းခိုနေထိုင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် စဉ် မေ ၂၇ ရက် ည ၈ နာရီခန့်တွင် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် CDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးကိုအောင်ကျော် အား ဒလန်ဟု စွပ်စွဲကာ ကျေးရွာ၏ တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်သမားများနောက်သို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။