ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ - ၂၄

Tuesday, May 24, 2022 - 15:45

ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ - ၂၄

          ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်၊ နို့စားနွားနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။