နေပြည်တော်၊ မတ် ၁၇
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေး ချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက် စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦ များကိုပါ မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင် ဖောက်ခွဲခြင်းတို့ကို စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။





































