နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ် နေပြည်တော်၊ မေ - ၁၉

Thursday, May 19, 2022 - 15:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားရေးဆရာတော်များ၊ ငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူများ စုစုပေါင်းအင်အား ၃၀၀၀ ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးကိုလိုလားသူ အမျိူးသားရေးရှေ့နေ ဦးအေးပိုင်နှင့် မျိူးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှု ဆောင်ဆရာတော်ဦးပညာဝံသတို့က ငြိမ်းချမ်းရေးကြိုပမ်းမှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန်ကျင်ရှုတ်ချ ပွဲပြုလုပ်သည့်အကြောင်းနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီ တို့သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးလိုလားသူပြည်သူ များက “ပြည်ထောင်စုမပြိုကွဲရေး-တို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး -တို့အရေး၊ အချူပ်အခြာအဏာတည်တံခိုင်မြဲရေး-တို့အရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး-တို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-တို့အရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး- တို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်းကြသည်။