ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ မေ - ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ)ကိုဖြိုး(ဘ)ဦးဇော်မင်းထွန်း၊ ကိုလတ်နှင့် ဖိုးသားတို့ ၃ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အတွင်း အဆိုပါမြို့နယ်အတွင်း ၌ ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်း၊၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ဒလန်အဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး ရုံးအဖွဲ့ ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင်ပါဝင်ခြင်းတို့ကြောင့် စစ်အုပ် ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၄ အရ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်တွင် “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၁)ရပ်ကွက်နေ ဇော်ဇော်ထွန်း(ခ)ဇော်ကြီး(ဘ) ဦးမော်ဇင်နှင့် (၃၂)ရပ်ကွက်နေ မင်းစစ်သွေး(ခ)ICE (ဘ)ဦးမြင့်ဦးတို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် သမိုင်းလမ်းဆုံ City Mart အနီးရှိ ယာဉ်ထိန်းရုံးအား မိုင်းထောင်ဖောက်ခွဲရာ၌ အားပေးကူညီခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။