နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအားတွေ့ဆုံ အမှာစကားပြောကြား
နေပြည်တော် မေ-၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ သည် ယနေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ မှ တာဝန်ရှိသူ များအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပေါ်တိုးတက်မှုနှင့် လုပ်ငန်းဆောင် ရွက်မှုအခြေအနေများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရဲနိုင်ထွန်းကရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဉက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက သီလဝါအထူးစီးပွားရေးဇုန် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအပေါ် နိုင်ငံတော်က ဖြေရှင်း ဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်ငန်းဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေ များအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အတူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက် ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက် အမှာစကားပြောကြားရာတွင်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဏာရေးနှစ် မှ စတင်၍ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင် ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှပ်နှံမှု စုစု ပေါင်း အမေရိကန်ဒေါ်လာ ၂.၁၂ ဘီလီယံရှိပြီး မြန်မာကုမ္ပဏီ ၉ ခု မြန်မာအစု ရှယ်ယာရှင် ၁၇၀၀၀ဦးကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံ အစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင် ဆောင် ရွက်ရသည့် အထူးစီးပွားရေးဇုန်ကြီးတစ်ခုဖြစ်ကြောင်း၊ လုပ်နည်းပိုင်း ဆိုင်ရာအရနှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေ ၅၀၀၀ ကျော် ဧကတွင် ခွင့်ပြု ရောင်းချပြီး မြေနေရာများအားလုံး အနက်ကျန်ရှိမြေနေရာများနှင့် လုပ်ငန်းအမြန် အကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်း များပြီးစီး ပါက အလုပ်အကိုင်အခွင့်အလမ်း လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့် ဖော် ဆောင်ပေးနိုင်မည်ဖြစ်၍ စနစ်တကျပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက် ရန် လိုကြောင်း၊ ဇုန်နေရာအလိုက် သတ်မှတ်ပေးထားသော ကုန်ကြမ်းကုန်ချော ပစ္စည်း များမှန်မှန်ကန်ကန် တင်သွင်းခြင်း၊ တင်ပို့ခြင်းရှိမရှိ စစ်ဆေးနိုင်ရန် X- Ray Machine များတပ်ဆင် စစ်ဆေးကြပ်မတ်ရန်လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန် ငွေကြေးသုံးစွဲ လည်ပတ်မှုနှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန် ဉပဒေ ၂၀၁၄၊ ဗဟို ဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသည့် ၃-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၂/၂၀၂၂ ပါ ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက် ရန်လိုကြောင်း၊ နောင်လာမည့် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ရှိစေရန်အတွက်လည်း ငွေကြေးမူဝါဒ ခိုင်မာမှုရှိကြောင်း သိရှိနိုင်ရေး လုပ်ဆောင်ရန် လိုကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများပိုမိုစိတ်ဝင်စားစေရန်လည်း Myanmar Japan Thilawer Depelopment (MJTD) မှ Brochure များ၊ Media များ၊ Website များမှယခုထက် ပိုမိုစွဲဆောင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် စိန်တစ်လုံးသရက်နှင့် ထောပတ်ပဲကဲ့သို့ သီးနှံများကို ဇုန်အတွင်း၌ CAN စနစ်ဖြင့် ပြုပြင်ထုတ်လုပ်နိုင်ရေး စိတ်ဝင်စားမှု ရှိသည့် ကုမ္ပဏီ များကိုလည်း အမြန်ဆုံးဖြစ်မြောက်စေရေး လိုအပ်သည်များကို ကူညီဆောင်ရွက် လမ်းညွှန်ပေးရန်လိုအကြောင်း၊သို့မှသာ စိန်တစ်လုံးသရက်သီးနှင့် ထောပတ်ပဲ စိုက်ပျိုးသူများအတွက် ဈေးကွက်အနှိမ်ခံရမှုမှ လွတ်ကင်းမည့် အကျိုးရှိစေနိုင်မည်ဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စီမံကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ် ဓာတ်အားကို Gas မှ LNG ကဲ့သို့နိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရေး ဆိုလာနှင့်လေအား လျှပ်စစ်ထုတ်ယူနိုင်မှုကို ကုမ္ပဏီတစ်ခုခြင်း သို့မဟုတ် ဇုန်အလိုက် ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို လျော့ချနိုင်မှာဖြစ်သလို နိုင်ငံတော်အတွက်လည်း အခြားလျှပ်စစ်ဓာတ်အား လိုအပ်သည့်နေရာများကို ပိုမိုဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ် သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏ ပထမဆုံးနှင့်အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေးဇုန် ဖြစ်ရန် ယခုထက်အောင်မြင်အောင်ကြိုးပန်းဆောင်ရွက်ရန်လိုလိုကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင် များသည် ခင်းကျင်းပြသထားသည့် သီလဝါ အထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်း များအား လှည့်လည်ကြည့်ရှုကြပြီး သီလဝါအထူးစီးပွား ရေးဇုန် ဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ လျှပ်စစ် ကေဘယ်များထုတ်လုပ်သည့် L S- Gaon Cable Myanmar စက်ရုံနှင့် ဓာတ်မြေဩစာ ထုတ်လုပ်သည့် စီ.ပီ ဆင်ဖြူတော် စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုကြရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး သိရှိ လိုသည် များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်မှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက် ရင်းနှီးမြှပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်း ကလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီ စုစုပေါင်း ၈၂ ခုမှ လုပ်ငန်းလည်ပတ်ရပြီး ကျန်ရှိကုမ္ပဏီများအနေဖြင့်လည်း မကြာမီ ပြန်လည်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။