နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သန်လျင်တပ်နယ်၊ နယ်မြေခံတပ်ရှိ Motivation Hall ၊ နယ်မြေခံသင်တန်းကျောင်း သင်တန်းခန်းမများကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ Motivation Hall သို့ရောက်ရှိကြပြီး တပ်မတော်(ရေ) တွင် အသုံးပြုလျှက်ရှိသည့် စစ်ရေယာဉ်များ၏ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် နယ်မြေခံ သင်တန်းကျောင်းရှိ သင်တန်းသားများအား စာတွေ့၊လက်တွေ့ သင်ခန်းစာပို့ချနေမှုများ အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါတပ်ရှိ Damage Control Simulator လက်တွေ့လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။