news

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၅၇ ဦး၊ စုစုပေါင်း ၁၅၄ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ကို လက်ခံခဲ့ကြသည်။

 

နေပြည်တော်၊ ဇန်နဝါရီလ ၂၇

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ကလေးမွေးဖွားမည့်လူနာအား လိုက်ပါပို့ဆောင် သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး လူမှုကူညီရေးယာဉ် ထိခိုက်ပျက်စီးခဲ့ ကြောင်း  သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၂၇

              ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်း စင်တာကုမ္ပဏီ၌ လောင်းကစားဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် ၂ ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦးတို့အား လောင်းကြေးငွေ ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ)အီးတီ(ဘ)ဦးတင်၊ အမှတ်(၉)ရပ်ကွက်နေ သက်နိုင်(ဘ)ဦးတင်ရီ နှင့် အမှတ်(၃)ရပ်ကွက်နေ သူရဖြိုးဝေ(ဘ)ဦးကြည်ရွှင် တို့သည် အကြမ်းဖက် ဖောက်ခွဲရာတွင်အသုံးပြုသည့် ယမ်းစိမ်းများအား လက်ဝယ်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိ ရာတွင် အားပေးကူညီမှုတို့ကိုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်း များဆိုင်ရာ အက်ဉပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

          ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွား ရာ နေရာများနှင့် လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၄၃၉ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီး သို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီလ ၂၇

              အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၂၇

            မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံ မြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်၊ ဇန်နဝါရီ ၂၆

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ထောက်ပံ့ရန်အတွက် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေး ရွာ အဆောက်အဦ ၁ လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသိမ်းဆည်းရမိကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ သည်။