ကျောင်းအပ်လက်ခံမှုများဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးအား CDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်
နေပြည်တော်၊ မေ - ၃၀
မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources(HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက် ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင် လျက်ရှိသည်။













