နေပြည်တော်၊ ဇန်နဝါရီ ၃၁
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်း ရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာ ဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ် ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
















