နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အားသွားရောက်ဖူးမြှော်ကြည်ညို၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊
နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ မြို့နာမ် ရွှေစေတီတော်အား သွားရောက်ဖူးမြှော်ကြည်ညိုသည်။





















