news

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇွန် ၁၂

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဇွန် ၁၂

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ အတွက်ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နေပြည်တော်သို့ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာသည်။  

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

              တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီး မပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ် ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါ သည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများ ကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအားသက်မှတ်ရက်ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

              ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိ သောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထား ရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာကျောင်းတည်ရှိသည့် မြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၉၆၀)ဦး ဆက်သွယ် သတင်းပို့ခဲ့ပါသည်။

ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဇွန် - ၁၁

          ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်၊ နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် သန့်ဇင်ဦး နှင့် တပ်မတော် အရာရှိကြီးများ၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီးရှိ ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံသည့် Toll Gate အား PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းထောင်ဖျက်ဆီး၊ ငွေများအား လုယက်ယူဆောင်

နေပြည်တော်၊ ဇွန် - ၁၁

          မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် ထွန်းညိုလူ ကုမ္ပဏီပိုင် Toll Gate အနီးရှိ ဝန်ထမ်းနားနေဆောင်များအား ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ကားလမ်းပေါ်၌ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများအား ခြိမ်းခြောက်လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် - ၁၁

            အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကိုပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမား များက ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာ တစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်အခြေခံပညာကျောင်းများအား လက်လုပ်မိုင်း များ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲ၊ ခြိမ်းခြောက်စာများပေးပို့

နေပြည်တော်၊ ဇွန် - ၁၁

မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ် ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင် စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့်နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးအမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၁၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိ ကြီးများအား  ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။