news
နေပြည်တော်၊ နိုဝင်ဘာ -၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
နေပြည်တော်၊ နိုဝင်ဘာ - ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
နေပြည်တော်၊ နိုဝင်ဘာ - ၂၄
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၄၈ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော်ပြောကြားကြောင်း သိရှိရသည်။
နေပြည်တော်၊ နိုဝင်ဘာ - ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ)ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့်လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ ရဲထက်အောင်(ခ)ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အပြစ်မဲ့ပြည်သူ များအား ဒလန်ဟု စွပ်စွဲ ပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)ဖြင့် လည်းကောင်း၊ အောင်မင်းသူ(ခ)ကိုသူ(ဘ)ဦးထိန်ဝင်း အပါအဝင် ၈ ဦးသည် ဧပြီ ၂၈ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း များကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)ဖြင့် လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ်တစ်သက် ”ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ နိုဝင်ဘာ - ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)အား ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦခင်ရီ၊ ဦးမြင့်ကြိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဒုတိယ ဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ခရစ်တော်ဘုရင် ဗဟိုဘုရားရှစ်ခိုးကျောင်းတွင် တရားမဝင်ဆေးကုသသူများဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၃
တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ခရစ်တော်ဘုရင် ဗဟို ဘုရားရှစ်ခိုးကျောင်းတွင် အကြမ်းဖက်အဖွဲ့အစည်းမှ ဒဏ်ရာရသူများ၊ ကျန်းမာရေး မကောင်းသူများအား တရားမဝင်ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ခရစ်တော်ဘုရင်ဗဟိုဘုရားရှစ်ခိုးကျောင်းအတွင်း ဂရုဏာဆေးခန်း အမည်ဖြင့် တရားမဝင်ဆေးခန်း ၁ ခုအား တွေ့ရှိခဲ့သည်၊ အဆိုပါဆေးခန်း၌ ဖာသာချဲလ်ဆိုဘရွှေ၊ လွိုင်ကော်ကက်သလစ် သာသနာခေတ္တဂိုဏ်းအုပ်အပါအဝင် ဖာသာ ၁၃ ဦး၊ စစ္စတာ ၁၃ ဦးတို့အား တွေ့ရှိရသည့်အပြင် တရားမဝင်ဆေးကုသပေးနေသည့် ဆရာဝန် ၄ ဦး၊ သူနာပြု ၄ ဦး၊ သူနာပြုအကူ ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား တရားမဝင် ခွဲစိတ်ခန်း ၁ ခု၊ တရားမဝင် ဆေးကုသလူနာ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ကိုဗစ်လူနာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်းလူနာ ၄၈ ဦးနှင့်အတူ စစ်ဆေး တွေ့ရှိရသည်။ ၎င်းအပြင် ဘုရားကျောင်းဝန်းအတွင်း ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် ၄ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၄ စီးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။