ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် သာသနာရေးဆိုင်ရာ အဆောက်အဦ များအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်
နေပြည်တော်၊ ဇွန် ၂၀
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာရေး ဆိုင်ရာ အဆောက်အဦများကို ပါ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။










