နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း၊ ရတနာအုတ်မြစ်တော်စီ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျိုင်းတုံမြို့နယ် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား သို့ တက်ရောက်ချီးမြှင့်သည်။

































































