news

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

         (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

(၃၅)ကြိမ်မြောက် ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ်မဟာဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှူဒါန်း ပူဇော်သည့် (၃၅)ကြိမ်မြောက် ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ် မဟာဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ မဟာအတုလ ဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ပြုလုပ်ရာ နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူး ပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ

ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ‌ဖေဖော်ဝါရီ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေး(၁/၂၀၂၂ ) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ  ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂(Seed Fair 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား သည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

             အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

သထုံမြို့မဈေးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေကြသည့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ၊ ဈေးဆိုင်ခန်း အများအပြား ပျက်စီး

နေပြည်တော်၊ ဖေဖော်ဝါရီ  - ၁၈

မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဈေးအတွင်း၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်လာသူ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ယနေ့တွင် အဆိုပါမြို့နယ်များရှိ  မြို့နယ်ခန်းမများ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။

တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရန်နှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို  ထိန်းသိမ်းဆောင်ရွက်ပေးသူ(Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်လို                                                

နေပြည်တော်၊ ဇန်နဝါရီ - ၁၇

          လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ယူ ထမ်းဆောင်ရလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊  ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာအောင်၊ အာမခံချက်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက် နေသည့်၊ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ (Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းပျဉ်းတပ်နယ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြော ကြားသည်။