သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ
နေပြည်တော် ဒီဇင်ဘာလ( ၇ )ရက်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်း အဆောက်အဦများနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရာ၌ အသုံးပြုရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ခွဲသားများအား လျှောက်ထား ဝယ်ယူခဲ့သည့် ကိစ္စတွင် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများအပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။