နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောစစ်ရေယာဉ်နှစ်စင်းအပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း
(Sea Shield-2022) လေ့ကျင့်ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၅
တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မား စေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲ ကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)အား လေ့ကျင့်ဆောင်ရွက်လျက် ရှိသည်။
























































































































