နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများ နှင့် နယ်ခြားစောင့်တပ်ဖွဲ့များစိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့မျ

Friday, December 2, 2022 - 16:30

မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေအသီးသီးတွင် မိဝေးဖဝေးနှင့် မိသားစု ဝေးကွာစွာဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအား ညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သူအဖွဲသားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ  ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများသို့  မိသားစုများ ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျ သွားရောက်ဂုဏ်ပြု ဖျော်ဖြေသီဆို ကပြလျက်ရှိသည်။

          ထိုသို့ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့ များအား သွားရောက်ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁ ရက် နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်များသို့  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သူအဖွဲ့သားများ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များက လုံခြုံရေး အရ အလှည့်ကျစနစ်ဖြင့်  စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး ခဲ့ကြကြောင်းနှင့်  ဖျော်ဖျေမှုအပေါ် ဝမ်းသာပီတိဖြစ်စွာနှင့် ရှေ့တန်းအရောက် လာရောက်ဖျော်ဖြေပေးကြသူများကို မိမိတို့၏ချွေးနဲစွာဖြင့် ရရှိသည့်လစာ အချို့မှ စုပေါင်း၍ ဂုဏ်ပြုဆုငွေများလည်းပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။