ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (မော်လမြိုင်ရုံးခွဲ)မှ ဝန်ထမ်းတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဇွန် ၉
NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်း ရောက် အယူဝါဒကို အခြေခံ၍ နေရာအချို့၌ ဗုံးခွဲတိုက်ခိုက်ခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် လုယက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိသည့်အပြင် ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်း ပီသစွာ ကုသမှုများဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများ၊ NGO ၊ INGO အဖွဲ့အစည်းများ ကိုပါ ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း တို့ကို လုပ်ဆောင်လျက်ရှိကြသည်။












