news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ()နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ

ပြည်တွင်းအင်အားကို တည်ဆောက်ကြမည်

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်တွင်းအားကိုပဲ ကျွန်တော် ယုံကြည်အားကိုးပါတယ်။

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိနေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက် လက် ပို့ဆောင်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိ သည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဖေဖော်ဝါရီ ၄

              အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်ဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်တွေမြို့                                                                                              - - ၂၀၂၂

                 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်ဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး တို့သည် ပြည်နယ် ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိကြရာ ဒေသခံပြည်သူများနှင့်အတူ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင် ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများအား PDF အမည်ခံ အကြမ်းဖက် သမားများက ဝင်ရောက်တိုက်ခိုက်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရုံးဌာန အဆောက်အဦ ၈ လုံးနှင့် လူနေအိမ် ၂ လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ -

            NUG CRPH နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုများအကြား အကြောက်တရားများ လွှမ်းမိုးပြီး အုပ်ချုပ်ရေးယန္တရားပျက်ယွင်း လာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများအသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရေး အတွက် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ရုံးဌာနအဆောက်အဦများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍  လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။