ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းအသီးသီးတွင် ခေတ္တခိုလှုံနေ ထိုင်လျက်ရှိသော အမ်းမြို့နယ်အတွင်း ဒါးလက်ကျေးရွာအုပ်စုနှင့် ကဇူးကိုင်းကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာ(၂၅)ရွာတို့မှ နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင်ဒေသခံ ပြည်သူအိမ်ထောင်စုဝင်များအား ဆဌမအကြိမ်မြောက် ထောက်ပံ့ငွေနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၀ ရက်တွင် အမ်းခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီတိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူး က ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၅ သိန်းနှုန်းစီဖြင့် အိမ်ထောင်စု ၂၂၉ စုအတွက် ထောက်ပံ့ငွေ ၁၁၄၅ သိန်းကိုလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် နေရပ်ပြန်ပြောင်းရွှေ့စရိတ် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၁ သိန်းနှုန်းစီဖြင့် ငွေကျပ် ၂၂၉ သိန်းကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့သည့် လူတစ်ဦးလျှင် ရိက္ခာဆန် ၁ ရက်အတွက် ၂ ဗူးနှုန်းဖြင့် အိမ်ထောင်စု ၂၂၉ စုရှိ လူဦးရေ ၁၀၃၂ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဘိုးငွေကျပ် ၉၂၈၈၀၀၀ ကျပ်ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာ ရှိ ဒေါ်မေထားဇော် မှ အိမ်ထောင်စု ၁ စုလျှင် ၁ ပုံးနှုန်းဖြင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါ ဝင်သော Family Kit ပုံး ၂၂၉ လုံးကိုလည်းကောင်း ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင် များ၏ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များက ၎င်းတို့၏ နေရပ်ဒေသ သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ အမ်းတပ်နယ်မှ နယ်မြေခံတပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များက အိမ်ထောင်စုဝင်များ၏ အိမ်သုံးပစ္စည်းများကို မော်တော်ယာဉ်များပေါ်သို့ ကူညီ သယ်ယူရွှေ့ပြောင်းပို့ဆောင်ပေးကြသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို ဒုတိယတိုင်းမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး နေရပ်ပြန်တိုက်ပွဲရှောင် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။