news

ကလေးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းဝန်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက် မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် - ၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေ ခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးပုလင်း ဖြင့် ဝင်ရောက် ပစ်ပေါက် မီးရှို့ခဲ့သဖြင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန် ၂ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒီဇယ်ဆီများထည့်ထားသည့် မီးပုလင်း ဖြင့် ဝင်ရောက် ပစ်ပေါက်မီးရှို့ပြီး ထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့မီးပုလင်း ပစ်ပေါက် မှုကြောင့် ဆရာ၊ ဆရာမများနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအဆောက် အဦအား ထိမှန်မီးစွဲလောင်ခဲ့ရာ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆိုပါ အဆောက်အဦ ထရံများ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။

          ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများ နေထိုင်သည့်အဆောက်အဦအား မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း ၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။

ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂) အား ဓားပြတိုက်မှုကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အချိန်တို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၃

          NUG ၊ CRPH အပါအဝင် ၎င်းတို့၏ လက်အောက်ခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ကိုယ်ကျိုး စီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ ဘဏ်များအား လက်နက်ကိုင်ဆောင် အကြမ်းဖက်ဝင်ရောက်၍ ဓားပြ တိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံ မြို့ရှိ CB ဘဏ်ခွဲ(၂)အား ယနေ့ညနေပိုင်းတွင် လက်နက် ဖြင့် ခြိမ်းခြောက်၍ ဓားပြ တိုက်လုယက်သွားသည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဘားအံ- မြိုင်ကြီးငူ ကားလမ်း၊ ကြို့ချောင်းကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ အချိန်တို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ သည်။

    Information Sheet (Chinese & Russian) 1-6-2022

လေဒဏ်မိုးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ငပုတောမြို့နယ်၊ သဲဖြူကျေးရွာနှင့် ကနစိုးကျေးရွာချင်းဆက် သစ်သားတံတားအား ပြန်လည်ပြုပြင်

နေပြည်တော်၊ ဇွန် - ၂

          ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ကနစိုးကျေးရွာသို့ ဆက်သွယ်ထားသည့် အလျား ၅၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ကျေးရွာချင်းဆက်သစ်သားတံတားသည် ဇွန် ၁ ရက်တွင် လေဒဏ်မိုးဒဏ်များကြောင့် ပြိုကျပျက်စီးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ ဇွန် - ၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်းအသီးသီး စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇွန် ၁

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဗုဒ္ဓဓမ္မသင်တန်းအသီးသီးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေ၊ စွယ်တော်မြတ် စေတီတော်အနီးရှိ အဆိုပါတက္ကသိုလ် သင်တန်းခန်းမအသီးသီး၌ COVID-19 စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ၁-၆-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏       ၂၀၂၂ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇွန် - ၂

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက် ရှိသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇွန် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက် ရှိနေသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။