(၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထွက်ခွာ နေပြည်တော်၊ နိုဝင်ဘာ - ၃

Thursday, November 3, 2022 - 15:45

(၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင်သော ကိုယ်စားလှဘ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။