ရှရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့ တပ်မတော် ဝင်ရောက်ယှဉ်ပြိုင်၊ နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ရာတွင် အဆင့် ၈ နေရာရရှိ
နေပြည်တော်၊ ဩဂုတ် - ၁၅
ရှရှားဖက်ဒရေးရှင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ(3rd CISM World Cadet Games)တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လောင်းများသည် ပြိုင်ပွဲတွင်အားကစားအမျိုးအစား ၇ မျိုးရှိသည့် အနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်ပစ်တစ်ဦးချင်း အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင်ပထမရွှေတံဆိပ်ဆု၊ ရိုင်ဖယ် သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက် ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုနှင့် ပစ္စတိုသေနတ် ပစ်အသင်းလိုက် အမြန်ပစ်ခတ် ခြင်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက်တွင် နိုင်ငံအလိုက် အဆင့် ၈ နေရာ ရရှိခဲ့သည်။























