နေပြည်တော်၊ ဇန်နဝါရီ - ၂၅
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက်ရှိပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌လည်း အများပြည်သူ တို့အသုံး ပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း၊ မြို့နေပြည်သူ လူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင် အခြားအကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။















































































































































