news

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်ပေးသူများအား လိမ်လည်ချိန်းဆိုကာ အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့်  တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် “kaung Wai Yan ’’ အမည်ဖြင့် လူမှု ကွန်ယက်စာမျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် မရမ်းကုန်းမြို့နယ်၊ တော်ဝင်အိမ်ရာ၊ တိုက်(H) နေ ဦးအောင်ခန့်ဖြိုးနှင့် ဒေါ်မျိုးသန္တာညွန့် တို့ ၂ ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများအား စောင့်ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ရောက်ရှိ လာပြီး ၎င်းတို့ ၂ ဦးအား လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ် အတွင်း ထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၅၉၈ သိန်းခန့်အား လုယက်ယူဆောင် ကာ  ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၂၆

            အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိ သည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၂၆

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေးဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုး စုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ် ဆောင်လျက်ရှိသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံ တော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေး ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေ ရေးတို့အတွက်  နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွား ရာ နေရာများနှင့် လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၂၈၀၇ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီး သို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၄၃ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၅ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၄၂ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံ ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ

ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ  ၂၅

           ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော် မတီ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ  ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။