နေပြည်တော်၊ နိုင်ဝင်ဘာ ၂
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ သတင်းနှင့်ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း(ခ)ရန်ကင်းမောင်သည် ဗိုလ်တစ်ထောင်မြို့နယ်၊ ဝန်ထမ်းအိမ်ရာမှ တိုင်း(၆) ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာ များရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။