news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်)

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်)

၁။      တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟု မူဝါဒချထားပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၈၉ ဦး၊  စုစုပေါင်း ၁၉၈ ဦးတို့အားလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

 မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖေါ်ဝါရီ - ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့  လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ဇနိန္ဒ နှင့် တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များတက်ရောက် ကြည်ညိုကြသည်။

Genocide Convention အရ လျှောက်ထားသောအမှု

(ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ)

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်

MR CHRISTOPHER STAKER ပထမအကြိမ် လျှောက်လဲချက်

ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်

နိဒါန်း

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊

၁။      ပထမအကြိမ် ကြားနာမှုအပြီးမှာ ဒုတိယအကြိမ်ကြားနာမှုတွင် မည်သည့်ယခင် လျှောက်ထားချက်များကိုမျှ ထပ်မံပြောကြားရန် မလိုကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ ပါတယ်။

၂။       ယခု ဒုတိယအကြိမ်တင်သွင်းမှုတွင် ကျွန်တော့်အနေဖြင့် ပထမနှင့်စတုတ္ထ ကနဉီး ကန့်ကွက်ချက်များကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။ Professor Talmon အနေဖြင့် ဒုတိယ ကနဦး ကန့်ကွက်ချက်များကိုတင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Professor Kolb က တတိယ ကနဦးကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သူက မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်တင်သွင်းမှု နိဂုံးချုပ်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၈၃ ဦးတို့အားလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၈၃ ဦး၊  စုစုပေါင်း ၁၉၇ ဦးတို့အားလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားများ သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

            မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၈၃ ဦးတို့အားလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၈၃ ဦး၊  စုစုပေါင်း ၁၉၇ ဦးတို့အားလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ