နေပြည်တော် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့ နံနက် ၁၁နာရီ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရဲစခန်း၏ တောင်မှ မြောက်သို့ မောင်းနှင်လာကာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူအသက်အန္တရာယ် မရှိစေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ သည်။






























































































































































































































