နေပြည်တော်၊ ဇန်နဝါရီ - ၁၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့လေဆိပ်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင် သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရတ် ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။




















































