စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်မျိုးဆက်သစ်လူငယ် များအတွက် စာပေသင်ကြားပေးလျက်ရှိသည့် စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများ ဖျက်ဆီး
နေပြည်တော်၊ မေ ၁၂
မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR)လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင် ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်း များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများ အား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ/ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရ သည်။




































































































































