နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါး မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား နှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ၊ အောက်တိုဘာ ၅ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀နာရီခွဲတွင် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်၊ တင်းတိပ်ကွင်းတွင်တည်ရှိသည့် “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သော သဘာဝ မြေသြဇာ စက်ရုံ တည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါးမွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအားတက်ရောက်သည်။ အခမ်းအနားသို့ တက်ရောက် လာကြသူများအား “ပြည်ကျော်အောင်ဌေး” ကုမ္ပဏီမှ တာဝန်ရှိသူ ဦးကျော်ဌေးက သဘာဝမြေသြဇာ စက်ရုံတည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါးမွေးမြူရေး ဆိုင်ရာလုပ်ငန်းများအားရှင်းလင်တင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက သဘာဝမြေသြဇာအိတ်များအား တောင်သူများသို့ အခမဲ့ဖြန့်ဝေပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေးပြပွဲ နှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအားတက်ရောက် ကြည့်ရှုအားပေးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့များ၊ ဂျုံသီးနှံမျိုးစေ့နှင့်၊ ချည်မျှင်ရှည် ဝါမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။