ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ် နေပြည်တော်၊ အောက်တိုဘာ - ၅

Wednesday, October 5, 2022 - 15:45

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၅

          ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဆောင်ရွက်လျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်နေမှုများကို အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။