နေပြည်တော်၊ ဇန်နဝါရီလ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ - ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဇနဗျင်းကျေးရွာအဝင်သို့ ရောက်ရှိစဉ် အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် မြောက်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ - ၁၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ ဇန်နဝါရီ - ၁၂
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၅၇ ဦးနှင့် သံဃာတော် ၂ ပါးတို့ကို အသီးသီး လက်ခံ ခဲ့ကြသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များ အား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။
နေပြည်တော်၊ ဇန်နဝါရီ - ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့မှ မန္တလေးမြို့သို့ပို့ဆောင်ရန် Argon Gas အရည်များတင် ဆောင်လာသည့် မော်တော်ယာဉ်အား ယနေ့ညနေပိုင်းတွင် PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။