ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ - ၁၅
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်း ၁၂၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၇၀ ဦးတို့ကိုလည်း ကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သို့ ပြန်လည်ဝင်ရောက်သူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၉၂ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

















