နေပြည်တော်၊ မေ - ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျွဲဒုံးကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ကျုံနတ္တော်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စု၊ ဘီလင်းကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာအုပ်စု၊ ရွှေလှေ သောင်းကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းတေးကျေးရွာအုပ်စု၊ အင်းမကျေးရွာအုပ်စုနှင့် ညောင်ပင်ဂရက်ကျေးရွာအုပ်စုများ၌ မေ ၁၆ ရက် ညနေ ပိုင်းတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နေအိမ် ၁၃၀ လုံး အမိုးလန် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့သည်။













