NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထို့သို့လုပ်ဆောင်လျက်ရှိရာ CDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ဟားခါး မြို့နှင့် ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ဟားခါးမြို့၏ အနောက်ဘက် ၇ မိုင် ခန့်အကွာရှိ အရှည် ၇၀ ပေ၊ အကျယ် ၃၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား သီးမြစ်ချောင်းကူးတံတားအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဒေသန္တရလက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားကြမ်း ခင်းများ ကျိုးကျပေါက်ပြဲ ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ CDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးခဲ့သည့် သီးမြစ်ချောင်းကူးတံတားအား ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေး အတွက် နယ်မြေခံတပ်မတော်သားများက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာအဖွဲ့များက ချင်းပြည်နယ် တံတားအထူးအဖွဲ့(၁)မှ အင်ဂျင်နီယာများနှင့်အတူ ဘေလီဘောင် တစ်လွှာတပ်ဆင် ခြင်း၊ တံတားယက်မတပ်ဆင်ခြင်း၊ ချုပ်တန်းတပ်ဆင်ခြင်း၊ အခင်းခင်းခြင်း၊ ချဉ်းကပ် လမ်းဖောက်လုပ်ခြင်း စသည့်ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ကာ ယခုအခါ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း မှုများ ပြန်လည်ကောင်း မွန်လျက်ရှိကြောင်း သိရှိရသည်။
အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများနှင့် တံတားများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည့် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။