CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများ၊ တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ ဝန်ထမ်းကောင်းများ အား မတရားစွပ်စွဲရက်စက်စွာသတ်ဖြတ်ခြင်းများပြုလုပ် လျက်ရှိသည့်အပြင်နိုင်ငံပိုင်အဆောက်အဦ၊ရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင် သောအဆောင်အဦများအားနှောင့်ယှက်ဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်ဆက်သွယ်လွယ်ကူချော မွေ့စေရေးတို့အတွက် အစိုးရအဆက်ဆက် နိုင်ငံတော်ဘဏ္ဍာငွေများ အမြောက် အများအသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားသည့် လမ်း၊ တံတားများကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများကိုလုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ ယနေ့ အထိ ၇၃၂ ကြိမ်လုပ် ဆောင်ခဲ့မှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်ဆက်သွယ် လွယ်ကူချောမွေ့စေရေးဆောင်ရွက်နေမှုများ အပေါ် PDF အမည်ခံ အကြမ်းဖက် သမားများက ယခုကဲ့သို့ လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့ကာ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။