စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြိမ်းသတ်ပြီး ပြန်လာသည့် မီးငြှိမ်းသတ်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြိမ်းသတ်ပြီး ပြန်လာသည့် မီးငြှိမ်းသတ် ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးငြှိမ်းသတ် ယာဉ်၏ လေကာမှန်ကွဲကြေပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။





















