မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

Thursday, October 27, 2022 - 15:30

၁။      မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ-၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက် ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း (၁၉-၉-၂၀၂၂)ရက်နေ့မှစတင်၍  အသိပေးကြေညာခဲ့ပါသည်။

၂။       အဆိုပါထုတ်ပြန်ချက်၏ အပိုဒ် (၁)(င) နှင့် (၂)(ဃ)တွင် အောက်ဖော်ပြပါအတိုင်း အသိပေး ကြေညာခဲ့ပြီးဖြစ်ပါသည်-

          အပိုဒ်(၁)(င)   နိုင်ငံသားစိစစ်ရေးကတ်တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရ။ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အမြန် သွားရောက်အပ်နှံရမည်။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင် ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်။

          အပိုဒ်(၂)(ဃ)  ပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်း ရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ်ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံပြုလုပ်ထားရှိခြင်း)၊ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ) အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ) ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ) များအား ပယ်ဖျက်စာရင်းသွင်း ပါမည်။

၃။      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလ အတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့်အခြားအသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပါသည်။

၄။      အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ -၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက် နိုင်ကြောင်း ကြေညာထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်း စသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိလာရောက်ဆောင်ရွက်နိုင်ရေးအတွက် ရက်သတ္တ()ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန