news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား

          ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တဝှမ်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့တကွ ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးရန်အပေါင်းမှ ဝေးကွာကြ ပါစေ၊ ကာယစိတ္တနှစ်ဖြာသော သုခတို့နဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း ဦးစွာ ပထမ နှုတ်ခွန်းဆက်မေတ္တာပို့သအပ်ပါတယ်။

          မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ကုသိုလ်ပြုဆောင်ရွက်ကြသည်။

          မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

              အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၇၉ ဦး၊ စုစုပေါင်း ၄၅၁၄ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ခဲ့

နေပြည်တော်၊ ဧပြီ - ၁၆

              မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်သည်။

ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး  နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ် နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၆

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ သင်္ကြန်ပွဲတော်ဆင်နွှဲနေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။

မဟာသင်္ကြန်အတက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၆