ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ် နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၆
ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ် နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၆
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ သင်္ကြန်ပွဲတော်ဆင်နွှဲနေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သား များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၆
မဟာသင်္ကြန်အတက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၆
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဧပြီ ၁၆
မဟာသင်္ကြန်အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၁၅
ယနေ့ ဧပြီ ၁၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာအတာ သင်္ကြန်အကျ နေ့တွင် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ၏ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်သို့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ သွား ရောက်၍ တပ်မတော်မိသားစုဝင်များနှင့်အတူ အတာရေသဘင်အား အတူတကွ ပါဝင် ဆင်နွဲကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှု ရိုးရာအစဉ်အလာများနှင့်အညီ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက် စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန် များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသဖြစ်သည့် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုများ၏ (၆၁၅)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာ စည်တော်တင်ခြင်းနှင့် ပို့ဆောင်ပွဲကို ဧပြီ ၁၃ ရက်နှင့် ယနေ့တို့တွင် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဟာခနန်ပန်းခြံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာ အကအလှ အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ ဒေသခံ ရှမ်း၊ လွယ်လ၊ အာခါ၊ လားဟူ လူမျိုးများ တက်ရောက်ကြသည်။